Best Secret Services

💻Laptop တွေဘယ်ကနေစပြီး
Error ဖြစ်တက်ကြတာလဲ?

🔵Daily life မှာ Laptop များအသုံးပြုနေကြရာတွင်
🔵မိမိကိုယ်တိုင် သတိမထားမိလိုက်တဲ့
🔵အကြောင်းအရာလေးတွေက တစ်ဆင့်
🔵Laptop မှာ Error လေးတွေစတင်ဖြစ်လာတက်ပါတယ်။
🔵ဒီလိုရိုးရှင်းပြီးအခြေခံကျတဲ့ အရာလေးတွေကို
🔵ချစ်ရတဲ့ ကျွန်တော်တို့ရဲ့ Customer များ
🔵သတိထားမိနိုင်အောင် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။
1. Laptop အသုံးပြုသောနေရာအနားတွင်
အအေး ကော်ဖီ ဘီယာ များသောက်ခြင်း
(တိုက်မိပြီး Laptop ပေါ်ဖိတ်ကျမိစေခြင်း)
2. အစားစားပြီးမသန့်ရှင်းရသေးသော လက်နှင့်
Laptop ကိုအသုံးပြုခြင်း
(ပုရွက်ဆိတ်များ Laptop အတွင်းဝင်ရောက်နိုင်ခြင်း)
3. မွေ့ရာ ခေါင်းအုံးပေါ်တွင် Laptop ကို
အချိန်ကြာမြင့်စွာ အသုံးပြုခြင်း
(လေဝင် လေထွက် ကောင်းစွာမရ၍ စက်ပူလာစေခြင်း)
4. ခဲတံ ဘောပင် Stapler များညှပ်မိခြင်း
ပိတ်မိခြင်း (Screen ကွဲနိုင်ခြင်း)
5. Laptop ကိုအသုံးပြုနေစဉ်ပုံမှန်ထက်ပို၍
ပူနေခြင်း၊ Fan အသံဆူညံနေခြင်းတို့ကို သတိမထားမိခြင်း
(Fan တွင် Error အစပြုနေနိုင်ခြင်း)
6. Adapter တပ်ထားသော Extension ကို
Quality မကောင်းသော အမျိုးအစားကို အသုံးပြုခြင်း
(Loose Connection ဖြစ်ပြီး Spark ရိုက်တက်ခြင်း)
7. အချိန်ပြည့် Adapter တပ်သုံးထားခြင်း
(Internal Battery များဖောင်းလာနိုင်ခြင်း)
8. မီးပျက်သွားသော်လည်း Adapter မဖြုတ်မိဘဲ ဆက်တပ်ထားမိခြင်း
(မီးပြန်လာလျှင် High Voltage ရုတ်တရက် ဆောင့်တက်နိုင်ခြင်း)
9. Laptop ကိုအသုံးပြုပြီးတိုင်း
Power Shutdown သေချာမပြုလုပ်ခြင်း
(Blue Screen ဖြစ်သွားနိုင်ခြင်း၊
စက်ပြန်ဖွင့်သည့်အခါ Windows အတက်ကြာခြင်း)
10. Laptop ကိုသယ်ယူသည့်အခါတွင်
Laptop Bag, Sleeve Case, Backpack တို့ဖြင့်
မသယ်ဆောင်ခြင်း
(မတော်တဆ ပြုတ်ကျခြင်းမှ ဖြစ်ပေါ်လာနိုင်သည့်
နောက်ဆက်တွဲ Error များဖြစ်လာနိုင်ခြင်း)
11. နေပူထဲတွင် Laptop ကိုကားတံခါးပိတ်ခဲ့ပြီး
အချိန်ကြာမြင့်စွာထားခဲ့ခြင်း
(သာမန်ထက်ပိုပူသော အပူချိန်
Laptop ပေါ်သက်ရောက်စေခြင်း)
12. မိုးရွာနေချိန် အပြင်ထွက်ရလျှင်
Laptop ကိုမိုးရေစိုမိစေခြင်း
(Laptop အတွင်းသို့ Moisture ဝင်နိုင်ခြင်း)
🔵ဒီလိုအခြေခံကျတဲ့ အချက်လေးတွေကို သတိထားပြီး
🔵မိမိရဲ့ Laptop လေးတွေကို အသုံးပြုခြင်းဖြင့်
🔵Laptop များ Error အစပြုခြင်းမှ ကင်းဝေးနိုင်စေဖို့
🔵ချစ်ရတဲ့ Customer များကိုမျှဝေပေးလိုက် ပါတယ်ခင်ဗျာ။
guest
0 Comments
Inline Feedbacks
View all comments